အာဖရိကအနေဖြင့် COVID-19 ဒုတိယလှိုင်းအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း တိုက်တွန်း

အာဖရိကအနေဖြင့် COVID-19 ဒုတိယလှိုင်းအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း တိုက်တွန်း

နိုင်ရိုဘီ အောက်တိုဘာ ၃၀ - အာဖရိက အချို့ဒေသများ၌ COVID-19 ကူးစက်မှု အရှိန်မြင့်လာနေ ပြီဖြစ်သောကြောင့် အစိုးရများအနေဖြင့် ဒုတိယလှိုင်းအတွက် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ထားရမည်ဖြစ်ကြောင်း အာဖရိက ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော လေးပတ်အတွင်း တစ်ပတ်ချင်းအလိုက် ကင်ညာ၌ ၄၅ ရာခိုင်နှုန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ၁၉ ရာခိုင်နှုန်း ၊အီဂျစ်၌ ၈ ရာခိုင်နှုန်း အသီးသီးတိုးမြင့်လာခဲ့ကြောင်း အာဖရိက ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန အကြီးအကဲ ဒေါက်တာ ဂျွန်ကဲညာဆောင်က ပြောဆိုခဲ့သည်။

‘’အခုအချိန်က ဒုတိယလှိုင်းအတွက် ကာကွယ်မှုတွေ ပြုလုပ်ရတော့ မယ်ဆိုမှာ အမှန်တကယ်ပါပဲ။ ကြိုတင်ကာကွယ်ရေးတွေ လုပ်ရင်းနဲ့လည်း အားကုန်သွားတာမျိုး မဖြစ်ဖို့ သတိပေးလိုပါတယ်’’ ဟု ကဲညာဆောင်က ပြောကြားသွားခဲ့သည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိသော အာဖရိကသည် လက်ရှိအချိန် တွင် သေဆုံးသူဦးရေ နည်းပါးစွာဖြင့် ကပ်ရောဂါကို အခြားဒေသများထက် ပိုမိုထိန်းထားနိုင်ခဲ့သည်။အာဖရိကတွင် COVID-19 ကူးစက်သူ ၁ ဒသမ ၇၄ သန်းနှင့် သေဆုံးသူ ၄၁၇၇၆ ဦးရှိနေကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိ ရသည်။ သြဂုတ်လ အစောပိုင်းမှ စတင်ကာ အစိုးရများသည် ပိတ်ပင်ကန့် သတ်ချက်များကို ဖြေလျှော့ခဲ့ကြသည်။ သို့ရာတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျမှုများ ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာဖရိကဒေသ ဆိုင်ရာ အကြီးအကဲ ဒေါက်တာ မက်ရှီဒီဆိုမိုတီက ပြောဆိုခဲ့သည်။ အေပီ