တူရကီနှင့်ဂရိတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့

တူရကီနှင့်ဂရိတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့

အီစတန်ဘူလ် အောက်တိုဘာ ၃၁ - တူရကီနှင့် ဂရိနိုင်ငံတို့တွင် အင်အားပြင်းသည့် ငလျင်တစ်ခု လှုပ်ခဲ့ မှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက် သတင်းထုတ် ပြန်ချက်အရ သိရသည်။

ပြင်းအား ၇ ဒသမ ၀ မက်ဂနီကျုရှိသည့် ငလျင်ကြောင့် တူရကီနိုင်ငံ၌ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး အထပ်မြင့်အဆောက်အအုံအများအပြား ပြိုကျ မှုဖြစ်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ ကယ်ဆယ်ရေးလုပ်သား များသည် အပျက်အစီးများအကြားမှ အသက်ရှင်လျက် ကျန်ရှိနေနိုင်သော လူများကို ကယ်တင်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေကြရသည်။ သို့ သော် အပျက်အစီးများ၊ ကျောက်တုံးများအောက်၌ ပိတ်မိနေသူ မည်မျှရှိ သည်ကို အတိအကျ မသိရသေးပေ။

အဇ္ဇမီယာကမ်းရိုးတန်းတစ်လျှောက် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၂၀ ခန့် သေဆုံးခဲ့ရပြီး ၈၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ အာဏာပိုင်များက ပြောကြားခဲ့သည်။ဂရိနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနေက် အဆောက်အအုံ ပြိုကျခဲ့မှု ကြောင့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက သတင်း ထုတ်ပြန်သည်။

‘’ကလေးသူငယ်တွေ သေဆုံးတဲ့အခါ ပြောချင်စိတ် မရှိတော့ပါဘူးဗျာ။ ဒီလိုခက်ခဲတဲ့ အချိန်နာရီတွေမှာ ကျွန်တော်တို့ရဲ့ စိတ်တွေဟာ သူတို့ရဲ့ မိ သားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ရှိနေပါတယ်။ ပြောမပြတတ်အောင်ကို နာကျင်ခံစားရပါတယ်’’ ဟု ဂရိဝန်ကြီးချုပ် ကီရီယာကော့စ်မစ်ဆိုတာကစ်က ပြောကြားခဲ့သည်။

ငလျင်လှုပ်နေချိန်တွင် အထပ်မြင့်အဆောက်အအုံများအတွင်း နေထိုင် သူများမှာ လမ်းမများထက်သို့ အပြေးအအလွှား ရောက်ရှိလာခဲ့ကြပြီး ဟင်း လင်းပြင်နေရာများသို့ ဦးတည်ပြေးလွှားကာ စုဝေးနေခဲ့ကြကြောင်း မျက်မြင် သက်သေများ၏ ပြောကြားချက်များအရ သိရသည်။ အေပီ