အာဖရိကတွင် လူဦးရေ ၁၇ သန်းကျော် COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးပြီးဖြစ်

အာဖရိကတွင် လူဦးရေ ၁၇ သန်းကျော် COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးပြီးဖြစ်

နိုင်ရိုဘီ အောက်တိုဘာ ၃၁ - အာဖရိကတွင် COVID-19 ဓာတ်ခွဲနမူနာ စမ်းသပ်စစ်ဆေးမှုကို လူဦး ရေ ၁၇ သန်းကျော်အထိ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း အာဖရိက ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (Africa CDC) က အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

‘’COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးမှုအရေအတွက် ၁၇ သန်း ကျော် ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ပိုးတွေ့လူနာ ၉ ဒသမ ၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရပါ တယ်’’ ဟု အာဖရိက ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းအထိ အာဖရိကတွင် COVID-19 ကူးစက်သူဦးရေ ၁၇၅၉၇၉၄ ဦးရှိပြီး သေဆုံးသူ ၄၂၃၃၆ ဦးရှိကြောင်း အာဖရိက ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန စာရင်းအင်း များအရ သိရသည်။

သို့သော် လိုအပ်သည့် အရေအတွက်ထက် စမ်းသပ်စစ်ဆေးပေးနိုင်မှု အားနည်းခြင်းနှင့် ခြေရာခံနိုင်မှု အားနည်းချက်များကြောင့် ယခုဖော်ပြသော အရေအတွက်ထက် ပိုမိုများပြားစွာ ရှိနေနိုင်ကြောင်းလည်း ကျွမ်းကျင်ပညာ ရှင်များက သုံးသပ်နေကြသည်။ အာဖရိကတွင် COVID-19 ရောဂါမှ ပြန် လည်သက်သာပျောက်ကင်းခဲ့သူဦးရေ ၁၄ သန်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ အာဖရိကတွင် COVID-19 ဘေးအသင့်ဆုံးနိုင်ငံများမှာ တောင် အာဖရိက၊ မော်ရိုကို၊ အီဂျစ်၊ အီသီယိုးပီးယားနှင့် နိုင်ဂျီးရီးယားတို့ဖြစ် ကြောင်း သိရသည်။ အေပီ