ဝါရှင်တန် အောက်တိုဘာ ၃၁ - အပြစ်မပြည်သူများ ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီးနောက် နာဂေါ်နို-ကရာဘက် ဒေသ တင်းမာမှုဖြစ်စဉ်အတွင်း နှစ်ဖက်စစ်တပ်များအနေဖြင့် လူနေရပ် ကွက်များသို့ ချိန်ရွယ်ပစ်ခတ်ခြင်းများ မပြုလုပ်ရန် အာမေး နီးယားနှင့် အဇာဘိုင်ဂျန်တို့အကြား သဘောတူညီချက် ရရှိခဲ့ကြကြောင်း သိရသည်။
ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့မှ အထူးကိုယ်စားလှယ်များနှင့်အတူ ၎င်းတို့နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ ကုလသမဂ္ဂရုံးချုပ်၌ ဆွေးနွေး မှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
ယခု သဘောတူညီချက်အရ အာမေးနီးယားနှင့် အဇာဘိုင်ဂျန် စစ် တပ်များသည် သာမန်အရပ်သားပြည်သူများ နေထိုင်သော ဝန်းကျင်ဧရိယာ များသို့ ချိန်ရွယ်ပစ်ခတ်ခြင်းမပြုရေးနှင့် စစ်ဘက်နှင့်မဆိုင်သော အဆောက် အအုံများသို့ ချိန်ရွယ်ပစ်ခတ်ခြင်းမပြုရေးတို့အား သဘောတူခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ပွဲအတွင်း ကျဆုံးခဲ့သော နှစ်ဖက်စစ်သည်များ၏ ရုပ် အလောင်းများ ဖလှယ်ရေးနှင့် စစ်သုံ့ပန့်များ ဖလှယ်ရေးအစီအစဉ်တို့ကို လည်း သဘောတူညီချက် ရရှိခဲ့ကြသည်။
ရုရှား၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယိုဦးဆောင်ကာ ဝါရှင်တန်၌ လက်မှတ်ရေးထိုးခဲ့သော အပစ်အ ခတ်ရပ်စဲရေးစာချုပ်သည် အောက်တိုဘာ ၂၅ ရက်၌ ပျက်စီးခဲ့ရပြီးနောက် နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

















