ဇာတ်လမ်းတွဲသစ်ရိုက်ကူးတော့မယ့် Jes Jespipat နဲ့ Esther Supreeleela
ONE31 TV က ရိုက်ကူးမယ့်ဇာတ်လမ်းတွဲအသစ်မှာ Jes Jespipat နဲ့ Esther Supreeleela တို့က ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Jes Jespipat က "Panin" နေရာနဲ့ Esther Supreeleela ကတော့ Arissara ဆိုတဲ့ ဇာတ်ကောင်နေရာတွေကနေ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး သူတို့ကိုစုံတွဲတွေအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။
Jes Jespipat နဲ့ Esther Supreeleela တို့ဟာ အရင် တုန်းကလည်း "Leh Ratree" မှာလည်း အတူတူသရုပ်ဆောင်ဖူးပါတယ်။
အခုရိုက်ကူးမယ့်ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Wimarn Sai" ဆိုတဲ့ ဇာတ်ကားဟောင်းကို ပြန်လည်ရိုက်ကူးမှာဖြစ်ပါတယ်။
ရိုက်ကူးမယ့်ရက်နဲ့ ထုတ်လွှင့် ပြသမယ့်အချိန်ကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။
















