Green Noble Club ရဲ့ ၂၂၉ ယောက်မြောက်အဖွဲ့ဝင်ဖြစ်လာတဲ့ Kim Yoo Jung
မင်းသမီး Kim Yoo Jung က Green Noble Club ရဲ့ ၂၂၉ ယောက်မြောက်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ Green Noble Club ကတော့ ကိုရီးယားနိုင်ငံရဲ့ကလေးများရန်ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အနည်းဆုံး ကိုရီးယားငွေ ဝမ် သန်း ၁၀၀ နဲ့အထက် လှူဒါန်းသူတွေဟာ အဖွဲ့ဝင်ဖြစ်လာမှာဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ မွေးဖွား ခဲ့တဲ့ Kim Yoo Jung ကတော့ Green Noble Club ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။
ဒီအဖွဲ့ အစည်းမှာ တခြားအနုပညာရှင်တွေဖြစ်ကြတဲ့ Song Il Gook, TVXQ အဖွဲ့ဝင် Chamgmin နဲ့ BTS အဖွဲ့ဝင် J-Hope တို့လည်း ပါဝင်ထားကြပါတယ်။
မင်းသမီး Kim Yoo Jung ကလည်း COVID-19 ကပ်ရောဂါကြောင့် ဝင်ငွေနည်းနေတဲ့မိသားစုထဲက ကလေးငယ်တွေအတွက် လှူဒါန်းမှုတွေကိုလည်း မကြာခဏဆိုသလိုပြုလုပ် ပေးလေ့ရှိပါတယ်။
















