အေဂျင်စီကနေ စကားအများကြီးမပြောဖို့ သတိပေးခံခဲ့ရတဲ့ Ahn Bo Hyun

အေဂျင်စီကနေ စကားအများကြီးမပြောဖို့ သတိပေးခံခဲ့ရတဲ့ Ahn Bo Hyun

မကြာသေးခင်က “Kim Shin-young’s Music Party” ဆိုတဲ့ ရေဒီယိုရှိုးတစ်ခုမှာ မင်းသား Ahn Bo Hyun ပါဝင်ခဲ့ပါတယ်။

ရေဒီယိုရှိုးမှာအချိန်အကြာကြီးနေမှ ဒုတိယအကြိမ်ပြန်လည်ပါဝင်ဖြစ်တာဖြစ်ပြီး သူ့ရဲ့အေဂျင်စီ ကလည်း စကားတွေအများကြီးမပြောမိစေဖို့မှာလိုက်တယ်လို့ Ahn Bo Hyun က ရယ်မောပြောဆိုခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ အရင်ကအစီအစဉ်တွေမှာ Ahn Bo Hyun က မထင်မှတ်တဲ့အမှားတွေလုပ်မိခဲ့ဖူးပြီး စကားများများပြောရင် အမှားပါတတ်တာကြောင့်လို့ဆိုပါတယ်။

ဒါကြောင့် ပရိသတ်အထင်လွဲမှားမှုမဖြစ်စေဖို့ အေဂျင်စီဘက်က ကြိုတင်သတိပေးခဲ့တာပါ။

Ahn Bo Hyun ဟာ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ် ဆောင်ခဲ့ဖူးပြီး မင်းသား Park Seo Joon နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ “Itaewoon Class” ဇာတ်လမ်းတွဲမှာတော့ ပရိသတ်အားပေးမှုကို ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး