လက်ထပ်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီးပြောခဲ့တဲ့ Daniel Padilla နဲ့ Kathryn Bernardo

လက်ထပ်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီးပြောခဲ့တဲ့ Daniel Padilla နဲ့ Kathryn Bernardo

ဖိလစ်ပိုင်မင်းသားနဲ့ မင်းသမီးတွေဖြစ်ကြတဲ့ Daniel Padilla နဲ့ Kathryn Bernardo တို့ကတော့ ချစ်သူ သက်တမ်း ၈ နှစ်ကျော် ရှိလာပြီဖြစ်ပါတယ်။

Daniel Padilla က အသက် ၂၅ နှစ်ဖြစ်ပြီး Kathryn Bernardo ကတော့ အသက် ၂၄ နှစ်ဖြစ်ပါတယ်။

လက်ထပ်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီး Daniel Padilla ကတော့ သူ အသက် ၃၀ မတိုင်ခင်မှာ လက်ထပ်ဖြစ်မယ်လို့ပြောခဲ့တာပါ။

အခုလောလောဆယ်မှာတော့ ပိုက်ဆံစုဆောင်း နေပြီး နောက်ငါးနှစ်လောက်ကြာရင် ကမ်းခြေမှာလက်ထပ်ပွဲလေးကျင်းပချင်ပါတယ်ဆိုပြီး Daniel Padilla က သူ့ရဲ့စိတ်ကူးကိုထုတ်ပြောခဲ့ပါတယ်။

လက်ရှိမှာ သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ “The House Arrest of Us” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး