လုယက်မှုကျူးလွန်ခံရပြီး အသတ်ခံခဲ့ရသည့် ဆရာဝန်သေဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိ

လုယက်မှုကျူးလွန်ခံရပြီး အသတ်ခံခဲ့ရသည့် ဆရာဝန်သေဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိ

ပြင်ဦးလွင်အတက်လမ်းတွင် လုယက်မှုကျူးလွန်ခံရပြီး အသတ်ခံခဲ့ရသည့် ဆရာဝန်သေဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိကြောင်း နိုဝင်ဘာ ၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ၂၈ ရက်ည ၇ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊လိမ်ပင်ကွက် သစ်မန္တလေးပြင်ဦးလွင်ကားလမ်းသစ်တောင်တက်လမ်းတွင်အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ပုသိမ်ကြီးမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာအမည်မသိ (၃၅) နှစ်ခန့် အမျိုးသားဖြစ်ပြီး ရင်ညွှန့်အောက်ထိုး သွင်းဒဏ်ရာ (၅) ချက်၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ (၂) ချက်၊လည်ကုတ်ပြတ်ရှဒဏ်ရာများရရှိကာသေဆုံးနေသည်ကိုတွေ့ရှိရသည်။

သေဆုံးသူသည်လက်ဖျံတွင်တက်တူးထိုးထားပြီးအနီးတွင်အိုင်ဖုန်းအမျိုးအစားဖုန်းတစ်လုံး၊ဓားမြှောင်တစ်ချောင်း၊ ဖိနပ်သုံးရံ၊ဦးထုပ်တစ်လုံး နှင့်သွေးစွန်းနေသော ကျောက်ခဲ တစ်လုံး တို့ကိုရှာဖွေ တွေ့ရှိခဲ့သည်။

အလောင်းကိုမန္တလေးဆေးရုံကြီးသို့ပို့အပ်ရာ ပီအာရ် ၂၁ ဖြင့် လက်ခံထားပြီး ပြစ်မှုကျူးလွန်သူကို အရေးယူပေး ရန် တိုင်ကြားခဲ့သည်။ ပုသိမ်ကြီးမြို့မရဲစခန်း(ပ)၅၆၃/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်စုံစမ်းခဲ့သည်။

သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကိုရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းခဲ့ရာအောင်မြေသာစံမြို့နယ်၊နန်းရှေ့ရပ်နေအသက်(၃၅)နှစ် ကျော်အရွယ် ဆရာဝန်အမျိုးသားကြောင်းသိရပြီး အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် နေအိမ်မှဆိုင်ကယ်ဖြင့်ထွက်သွားခဲ့ကြောင်း ၊ အခင်းဖြစ်ချိန်တွင်ဆိုင်ကယ်၊ဖုန်းနှင့်ငွေများ လုယက်ခံခဲ့ရသည်ဟု မိသားစုဝင်များ၏ပြောပြချက်အရ သိရသဖြင့်ပြစ်မှူကျူးလွန်သူများကိုဖမ်းဆီးရမိစေရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။