ဇန်နဝါရီလထဲမှာအခွေသစ်ထွက်တော့မယ့် Drake 

ဇန်နဝါရီလထဲမှာအခွေသစ်ထွက်တော့မယ့် Drake 

Drake ရဲ့ "Certified Lover Boy" ဆိုတဲ့ အခွေသစ်က ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ထွက်ရှိလာမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကနေဒါလူမျိုး ရက်ပ်အဆိုတော် Drake က အခွေအသစ်ရဲ့နမူနာကို သူ့ရဲ့ ၃၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။

နမူနာဗွီဒီယိုက ကြာချိန်တစ်မိနစ်သာရှိပြီး ကောင်လေးတစ်ယောက်က အပြာရောင်တောက်ပနေတဲ့ကောင်းကင်ကို ငေးကြည့်နေတဲ့ပုံနဲ့စတင်ခဲ့ပါတယ်။

ဗွီဒီယိုထဲမှာပါတဲ့ရုပ်ပုံတွေဟာ Drake အရင်တုန်းကထွက်ရှိခဲ့တဲ့ "Take Care", "Nothing Was The Same" နဲ့ " Drake Lane Demo Tapes" တို့က ပုံရိပ်တွေကို ပြန်လည်ဖန်တီးထားတာလည်း တွေ့ရပါတယ်။

"Certified Lover Boy" အခွေဟာ Drake ရဲ့ ဆဌမမြောက်အခွေဖြစ်ပြီး နောက်ဆုံးထွက်ထားတာကတော့ ၂၀၁၈ ခုနှစ်ကထွက်ခဲ့တဲ့ "Scorpion" ဆိုတဲ့ အခွေပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး