ပဲခူးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ ၉ဝဝ နီးပါးရှိ

ပဲခူးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ ၉ဝဝ နီးပါးရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁ ရက် မွန်းတည့်ချိန်အထိ COVID-19 အတည်ပြုလူနာ ၉ဝဝ နီးပါးရှိလာကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအားနိုဝင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီအချိန်အထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့် အခြေအနေများအား ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ပဲခူးခရိုင်အတွင်း Facility Quarantine၁၉၄ ခု၌နိုင်ငံသား ၁၉၇၄ ဦး၊ သံသယလူနာ ၁၉ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၄ဝ၃ ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine ၁၁၅ ခု၌ နိုင်ငံသား ၇၃၃ ဦး၊ သံသယလူနာတစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၁ဝ၈ ဦးရှိ၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine ၈ဝ ခု၌ နိုင်ငံသား၆၆၄ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၁၃၉ ဦးရှိ၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine ၁၉၂ ခု၌ နိုင်ငံသား ၁၃၂၈ ဦးရှိပြီးရောဂါပိုးတွေ့ရှိသူ၂၁၉ ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီးစာရင်းချုပ်အနေဖြင့် Facility Quarantine ၅၈၁ ခု၌နိုင်ငံသား ၄၆၉၉ ဦးရှိပြီး သံသယလူနာ၂ဝ ဦးနှင့်ရောဂါပိုးတွေ့ရှိသူ ၈၆၉ ဦးဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး