Im Siwan ရဲ့ ရိုက်ကွင်းကို ကော်ဖီကားပို့ပေးခဲ့တဲ့ Lee Dong Wook

Im Siwan ရဲ့ ရိုက်ကွင်းကို ကော်ဖီကားပို့ပေးခဲ့တဲ့ Lee Dong Wook

JTBC ရဲ့ "Run-On" ဆိုတဲ့ ဇာတ်လမ်းတွဲကိုရိုက်ကူးနေတဲ့ မင်းသား Im Siwan ရဲ့ ရိုက်ကွင်းကို Lee Dong Wook က ကော်ဖီကားလက်ဆောင်ပို့ပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ OCN ရဲ့ "Satrangers from Hell" ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသားနှစ်ယောက်က အပေးအယူမျှမျှသရုပ်ဆောင်ခဲ့ကြပြီး အတော်လေးလည်းအောင်မြင်မှုရခဲ့တဲ့ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

ထင်ထားတဲ့အတိုင်း မင်းက ငါအကောင်းဆုံးဖန်တီးခဲ့တဲ့ အနုပညာတစ်ခုပဲလို့ ကော်ဖီကားပေါ်မှာ စာရေးသားထားတာလည်းတွေ့ရပါတယ်။

ဒီစာသားဟာ "Satrangers from Hell" ဇာတ်လမ်းတွဲက စကားပြောကို မှီငြမ်းထားတဲ့စာသားလည်းဖြစ်ပါတယ်။

Lee Dong Wook ဟာ လက်ရှိမှာ tvN ရဲ့ "Tale of the Nine-Tailed" ဇာတ်လမ်းတွဲကိုရိုက်ကူးနေပြီး Im Siwan ကတော့ JTBC ရဲ့ "Run-On" ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပါတယ်။

"Run-On" က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်ထုတ်လွှင့်မှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး