SBS ရဲ့ ဇာတ်လမ်းတွဲအသစ် "The Penthouse" အပိုင်းတချို့ရဲ့ rating ကို 19+ အဖြစ် သတ်မှတ်မယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲကို အထပ် ၁၀၀ မြင့်တဲ့ ဇိမ်ခံအဆောက်အဦကြီးတစ်ခုအတွင်းမှာ ဇာတ်အိမ်တည် ထားပြီး အမျိုးသမီးသုံးယောက်အကြားက ပဋိပက္ခတွေကိုရိုက်ပြထားတာဖြစ်ပါတယ်။
"The Penthouse" ကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်ပြသခဲ့ပြီး အပိုင်းနှစ်ပိုင်းထုတ်လွှင့်ပြီးချိန်မှာ ကျောင်းတွင်းအကြမ်းဖက် မှုပုံစံမျိုးဇာတ်ဝင်ခန်းတွေဆိုရင် အသက် ၁၉ နှစ်အောက်တွေမကြည့်ရဆိုတဲ့ ကန့်သတ်ချက်တစ်ခုထုတ်ပြန် ထားသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။
တချို့ဇာတ်ဝင်ခန်းတွေဟာ လူငယ်လေးတွေကို အတုယူမှားစေတယ်လို့လည်း ပြောဆိုနေကြပါတယ်။
အဲ့ဒီ့ဝေဖန်မှုတွေကြောင့် အပိုင်း ၃ ကို 15+ အဖြစ် သတ်မှတ်ခဲ့ပြီး ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်လွှင့်ပြသမယ့် အပိုင်း ၄ ကိုတော့ 19+ အဖြစ် သတ်မှတ် လိုက်ကြောင်း SBS က တရားဝင်ကြေညာခဲ့ပါတယ်။
















