ဆိုရှယ်မီဒီယာမှာ လျှို့ဝှက်အကောင့်ဖွင့်ထားတဲ့ Emma Roberts
Emma Roberts ကတော့ အင်စတာဂရမ်အကောင့်မှာ follower ၁၄ သန်းကျော်ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။
"American Horror Story" စတား Emma Roberts က အင်တာဗျူးတစ်ခုမှာသူမမှာလျှို့ဝှက် အကောင့်တစ်ခုရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေကိုအဆက်မပြတ်စေဖို့ အတွက် ဆိုရှယ်မီဒီယာအကောင့်တစ်ခုဖွင့်ထားတာလို့ အသက် ၂၉ နှစ်အရွယ် သူမကဆိုပါတယ်။
သူမကအင်စတာဂရမ်သုံးရတာကိုအလွန်နှစ်သက်ပြီးအချိန်အတော်များများကိုအင်စတာဂရမ် သုံးရင်းကုန်ဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ ဘယ်သူမှမသိအောင် Tumblr အကောင့်တစ်ခုဖွင့်လှစ်ထားပြီးသူမမှာ follower ခြောက်ယောက်သာရှိတယ်လို့ဆိုပါတယ်။
ဒီအကောင့်ကိုသူမအကောင့်မှန်းဘယ်သူမှမသိတာကြောင့် လတ်လပ်ပြီးပျော်ရွှင်ရတယ်လို့ Emma Roberts ကပြောပါတယ်။
















