ဘောလိဝုဒ်မင်းသမီး Priyanka Chopra ဟာကမ္ဘာကျော်အဆိုတော် Celine Dion နဲ့အတူရုပ်ရှင်တစ်ကားရိုက်ကူးတော့မယ်လို့သိရပါတယ်။
Priyanka Chopra နဲ့ အတူတွဲပြီးသရုပ်ဆောင်ရမယ့် မင်းသားကတော့ Sam Heughan ဖြစ်ပါတယ်။
ဇာတ်ကားရဲ့နာမည်က “Text for You” ပါ။ အခုရိုက်ကူးမယ့်ဇာတ်ကားဟာ ၂၀၁၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဂျာမမန်ရုပ်ရှင် “SMS Fur Dich” ကိုအခြေခံပြီးရိုက်ကူးမယ့်ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ကောင်မလေးတစ်ယောက်ကသူမချစ်သူဖုန်းနံပါတ် ပြောင်းထားတာကိုမသိပဲဖုန်းအဟောင်းကိုစာတွေဆက်တိုက်ပို့နေပြီးသူမရဲ့စာတွေကိုလက်ခံရရှိနေသူကတော့ အသည်းကွဲနေတဲ့အမျိုးသားတစ်ယောက်ပဲဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကရှေ့ဆက်ပြီးဘာဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Jim Strouse က ရိုက်ကူးပေးမှာဖြစ်ပါတယ်။
















