ကက်ရှ်မီးယားရှိ သူပုန်တပ်မှူးတစ်ဦးကို စစ်တပ် သုတ်သင်

ကက်ရှ်မီးယားရှိ သူပုန်တပ်မှူးတစ်ဦးကို စစ်တပ် သုတ်သင်

ကက်ရ်ှမီးယားဒေသ အိန္ဒိယအုပ်ချုပ်မှုအခြမ်း၌ နိုဝင်ဘာ ၁ ရက်တွင် အိန္ဒိယအစိုးရတပ်များနှင့် သူပုန်တပ်များကြား တိုက်ခိုက်မှုအတွင်း သူပုန်တပ်မှူးတစ်ဦးကျဆုံးခဲ့သည်။

ကျဆုံးသည့် သူပုန်တပ်မှူးသည် ဒေသတွင်းရှိ အကြီးဆုံးအဖွဲ့ဖြစ်သော ဟစ်ဇ်ဘူ မူဂျာဟီဒင်၏ စစ်ဆင်ရေးအကြီးအကဲ ဆိုင်ဖူလာ မီရ်ဖြစ်သည်။

အဆိုပါအဖွဲ့သည် ကက်ရှ်မီးယားရှိ အိန္ဒိယအုပ်ချုပ်မှုကို တော်လှန်နေသည့် သူပုန်တပ်ဖွဲ့များကို ဦးဆောင်နေသည်။

ဆိုင်ဖူလာသည် ဆရီနာဂါရှိ ရပ်ကွက်တစ်ခု၌ ခိုလှုံနေကြောင်း သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့နှင့် စစ်သည်များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူး ဗီဂျေး ကူးမားကပြောသည်။

ဆိုင်ဖူလာသည် ၂၀၁၄ ခုနှစ်တွင် သူပုန်တပ်ဖွဲ့ဝင်ဖြစ်လာပြီး များမကြာမီတွင် သူပုန်အဖွဲ့၏စစ်ဆင်ရေးဆိုင်ရာ တပ်မှူးဖြစ်လာခဲ့ကြောင်း အိန္ဒိယအစိုးရအရာရှိများကပြောသည်။