နောက်နှစ်အစပိုင်းမှာ စတင်ရိုက်ကူးမယ့် Mnet ရဲ့ “Kingdom”

နောက်နှစ်အစပိုင်းမှာ စတင်ရိုက်ကူးမယ့် Mnet ရဲ့ “Kingdom”

Mnet ရဲ့ “Kingdom” ကိုနောက်နှစ်အစောပိုင်းလောက်မှ ာစတင်ရိုက်ကူးပြီး ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်ထားတယ် လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်တုန်းက Mnet က “Queendom” ဆိုတဲ့ ပြိုင်ပွဲအစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့ပြီး မိန်းကလေးအဆိုတော် အဖွဲ့ငါးဖွဲ့နဲ့ မိန်းကလေးတစ်ကိုယ်တော်အဆိုတော်တစ်ယောက်တို့ရဲ့ ဖျော်ဖြေမှုတွေကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

“Queendom” အောင်မြင်ပြီးနောက်မှာ အမျိုးသားဗားရှင်းနဲ့ တွေ့ရဖို့ထပ် စီစဉ်နေတယ်လို့ Mnet က ကြေညာခဲ့ပါတယ်။

“Queendom” နဲ့ မတူပဲ“Road to Kingdom” နဲ့ “Kingdom” နှစ်ပိုင်း ခွဲလိုက်ပြီး၂၀၁၉ ခုနှစ် ဧပြီလကနေ ၂၀၂၀ ခုနှစ် ဇွန်လအတွင်း ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

အခုရိုက်ကူး မယ့် “Kingdom”ကိုနောက်နှစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ဖေဖော်ဝါရီလမှာပထမဆုံးအပိုင်းကို ထုတ်လွှင့်ပြသဖို့စီစဉ်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး