Block B အဖွဲ့ဝင် P.O က Lee Seung Gi ရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။
tvN ရဲ့ "Mouse" လို့ ယာယီနာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာ P.O ပါဝင်သရုပ်ဆောင်မယ်လို့ အတည်ပြုခဲ့ ပြီး ဇာတ်ညွှန်းဖတ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
Lee Seung Gi ကတော့ ဒီဇာတ်ကားမှာ ရဲအရာရှိ တစ်ယောက်အနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။
P.O ဟာ မနှစ်က tvN ရဲ့ "Hotel del Luna" မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ JTBC ရဲ့ "More Than Friends" မှာ ပါဝင်သရုပ်ဆောင်နေတာပါ။
P.O ဟာ သရုပ်ဆောင်တစ်ယောက်အပြင် tvN ရဲ့ "New Journey to the West 8" အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ Lee Hee Joon, Park Ju Hyun နဲ့ Kyung Soo Jin တို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။
"Mouse" ဇာတ်ကားကို မကြာခင်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ဝက်ပိုင်းမှာ စတင်ထုတ်လွှင့် မယ်လို့ သိရပါတယ်။
















