အလုပ်ပင်ပန်းမှုတွေကြောင့် ဆေးရုံတက်လိုက်ရတဲ့ Baifern Pimchanok

အလုပ်ပင်ပန်းမှုတွေကြောင့် ဆေးရုံတက်လိုက်ရတဲ့ Baifern Pimchanok

ထိုင်းမင်းသမီးလေး Baifern Pimchanok ဟာ လတ်တလောမှာ ဆေးရုံတက်နေရတယ်လို့သိရပါတယ်။

ရိုက်ကူးရေးတွေနဲ့ အလုပ်ပင်ပန်းမှုတွေ၊ သေချာအနားမယူဖြစ်တာတွေကြောင့် နေမကောင်းဖြစ်ပြီး ဆေးရုံတက် နေရကြောင်း Baifern က သူမရဲ့အင်စတာဂရမ်မှာ တင်ထားပါတယ်။

ဓာတ်ပုံထဲမှာတော့ ဆေးပုလင်းချိတ်ပြီး ဆေးသွင်းနေတဲ့ သူမရဲ့ပုံကိုတွေ့ရပါတယ်။

အခုလိုဖြစ်သွားတာကြောင့် ရိုက်ကူးရေးတွေကိုလည်း ရပ်နားထားရပြီး သူမကြောင့် အလုပ်နှောင့်နှေးသွားတဲ့ အတွက်လည်း ရိုက်ကူးရေးတစ်ဖွဲ့သားလုံးကို တောင်းပန်ကြောင်း Baifern က ပြောခဲ့ပါတယ်။

Baifern ဟာ Mario Maurer နဲ့အတူတွဲပြီးရိုက်ကူးခဲ့တဲ့ "Crazy Litte Thing Called Love" ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိ မှာတော့ Nine Naphat Siangsomboon နဲ့အတူ သရုပ်ဆောင်ထာတဲ့ "Sroi Sabunnga" ဆိုတဲ့ ဇာတ်ကား သစ်ထွက်ဖို့ရှိနေပြီး ဒီဇင်ဘာလထဲမှာ စတင်ပြသမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး