မော်ဒယ်လ်ကောင်မလေးနဲ့လမ်းခွဲလိုက်ပြီဆိုတဲ့ Brad Pitt
မင်းသားကြီး Brad Pitt က အသက် ၂၉ နှစ်ကွာဟတဲ့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီပဲဖြစ်ပါတယ်။
Brad Pitt က အသက် ၅၆ နှစ်ဖြစ်ပြီး သူ့ရဲ့ချစ်သူ မော်ဒယ်လ် Nicole Poturalski တော့ အသက် ၂၇ နှစ်သာ ရှိပါသေးတယ်။
Nicole မှာလည်း အရင်ကခင်ပွန်းရှိခဲ့ပြီး သူမရဲ့ခင်ပွန်းက အသက် ၆၈ နှစ်အရွယ်စားသောက် ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။
Brad Pitt နဲ့တွဲခဲ့ပေမယ့် သူမရဲ့ခင်ပွန်းဟောင်းနဲ့တရားဝင် ကွာရှင်းထားပြီး သားဟုတ်မဟုတ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။
အခုလည်း Nicole ဟာ Brad Pitt နဲ့ လမ်းခွဲခဲ့ပေ မယ့် လမ်းခွဲရတဲ့ အကြောင်းရင်းကိုတော့ ပြောကြားထားခြင်းမရှိပါဘူး။
သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း ဟာ ၃ လသာကြာမြင့်ခဲ့ပြီး အလေးအနက်ပုံစံမျိုး မဟုတ်ဘူးလို့လည်း နီးစပ်တဲ့အသိုင်းအဝိုင်းတွေဆီကနေ သိရ ပါတယ်။
















