တတိယအကြိမ် လက်ထပ်လိုက်ပြီဖြစ်တဲ့ Scarlett Johansson

တတိယအကြိမ် လက်ထပ်လိုက်ပြီဖြစ်တဲ့ Scarlett Johansson

Black Widow မင်းသမီး Scarlett Johansson ကတော့ လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။

သူမကတော့ Saturday Night Live အစီအစဉ် တင်ဆက်သူတစ်ဦးဖြစ်တဲ့ Colin Jost နဲ့ လက်ထပ်လိုက်တာပါ။

သူတို့နှစ်ဦး ဟာ ၂၀၁၇ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာတော့ စေ့စပ်ခဲ့ကြပါတယ်။

လက်ထပ်ပွဲကိုတော့ COVID-19 ကပ်ရောဂါတွေကြောင့် ခမ်းခမ်းနားနားမကျင်းပနိုင်တော့ဘဲ မိသားစုဝင်တွေ၊ ရင်းနှီးသူတွေနဲ့သာ အကျဉ်းချုံးပြီး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Colin Jost ကတော့ Scarlett ရဲ့ တတိယမြောက် ခင်ပွန်းဖြစ်ပါတယ်။

သူမဟာ Deadpool မင်းသား Ryan Reynolds နဲ့လည်း လက်ထပ်ခဲ့ဖူးပြီး ပြင်သစ်သတင်းထောက် တစ်ဦးနဲ့လည်း လက်ထပ်ခဲ့ဖူးပြီး သမီးလေးတစ်ယောက်ရခဲ့တာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး