ဒုတိယမြောက်တစ်ကိုယ်တော်အခွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုဖွင့်ဟခဲ့တဲ့ Song Mino

ဒုတိယမြောက်တစ်ကိုယ်တော်အခွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုဖွင့်ဟခဲ့တဲ့ Song Mino

WINNER အဖွဲ့ဝင် Song Mino က သူ့ရဲ့အခွေသစ်အကြောင်းနဲ့ အနာဂတ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။

Song Minoရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်အခွေ “TAKE” က အောက်တိုဘာလ ၃၀ ရက်နေ့မှာထွက်ရှိထားတာဖြစ်ပြီး နှစ်နှစ်အတွင်းသူ့ရဲ့ပထမဆုံး comeback လည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်အခွေသစ်ထွက်တဲ့အချိန်မှာအရင်ကထက်ပိုပြီးစိတ်တည်ငြိမ်လာမယ် ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ စိတ်လှုပ်ရှားပြီးစိုးရိမ်ပူပန်နေတုန်းပဲလို့ဆိုပါတယ်။

အခွေသစ်မထွက်လာခင်တုန်းကသူ့ရဲ့အချိန်တွေအတော်များများကိုမိသားစုကိုပေးထားပြီး WINNER အဖွဲ့ဝင်တွေနဲ့လည်းအဆက်အသွယ် မပြတ်အောင် video call မကြာခဏပြောဖြစ်တယ်လို့ Song Mino က ပြောပါတယ်။

ဒုတိယအခွေမှာပါဝင်တဲ့ သီချင်း ၁၂ ပုဒ်လုံးရဲ့ သံစဉ်နဲ့စာသားတွေကိုသူကိုယ်တိုင်ရေးသားဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။

IKON အဖွဲ့ဝင် Bobby နဲ့အတူဖန်တီးထားတဲ့ “OK Man” ဆိုတဲ့သီချင်းနဲ့ပတ်သက်ပြီးတော့လည်းဒီသီချင်းနဲ့ အလိုက် ဖက်ဆုံးသူဟာ Bobby ပဲဖြစ်မယ်လို့ မြင်မိပြီးချက်ချင်းဆိုသလို Bobby ကိုဆက်သွယ်ခဲ့တဲ့လို့ဆိုပါတယ်။

သုံးနာရီလောက်အကြာမှာတော့ Bobby ဆီကအကြောင်းပြန်လာခဲ့ပြီးဒီသီချင်းကိုဖန်တီးဖို့အလွန်ပဲစိတ်လှုပ် ရှားခဲ့ရတယ်လို့ဆိုပါတယ်။

ဒီသီချင်းဟာအခွေအတွက်နောက်ဆုံးအဆုံးသတ်ဖို့ကျန်တဲ့သီချင်းဖြစ်ပြီး Bobby နဲ့ ကတော့ ပထမဆုံးအကြိမ် အလုပ်အတူတွဲလုပ်ဖူးခြင်းဖြစ်တယ်လို့လည်း “OK Man” သီချင်းနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုပြောပြခဲ့ပါသေးတယ်။

Song Mino က သူနောက်ထပ်ဘယ်လိုအနုပညာတွေဖန်တီးဦးမလဲဆိုတာပရိသတ် အမြဲစောင့်ကြည့်နေရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်လို့ အင်တာဗျူးမှာဖွင့်ဟခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး