တောင်ကိုရီးယားအနုပညာရှင်တွေဟာသူတို့ရဲ့ငွေကြေးတွေကို အိမ်ခြံမြေဈေးကွက်မှာ မြှုပ်နှံလေ့ရှိကြပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့စာရင်းတွေ အရအိမ်ခြံမြေပိုင်ဆိုင်မှု အများဆုံးအနုပညာရှင်များစာရင်းမှာ Rain နဲ့ Kim Tae Heeတို့ ဇနီးမောင်နှံကတစ်ပြေးနေတာပဲဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ကိုရီးယားဝမ် ၈၁.၄ ဘီလီယံတန်ဖိုး အထိပိုင်ဆိုင်တားတာပါ။
အိမ်ခြံမြေပိုင်ဆိုင်မှု အများဆုံးအနုပညာရှင်စာရင်း မှာပါဝင်တဲ့တခြားသူတွေ ကတော့ Kwon Sang Woo, Jun Ji Hyun, Song Seung Hun, Jang Geun Suk, Seo Jang Hoon, Ha Jung Woo, Jung Woo Sung, Lee Jung Jae, Jang Dong Gun, Ko So Young နဲ့ PSY တို့ပဲ ဖြစ်ပါတယ်။
သူတို့တွေဟာ အိမ်ခြံမြေပိုင်ဆိုင်မှုအများဆုံး အနုပညာရှင် ထိပ်တန်းဆယ်ဦးဖြစ်ပြီးတချို့သူတွေ ကတော့ ပူးတွဲရပ်တည်နေတာပဲ ဖြစ်ပါတယ်။
















