SM Entertainment ရဲ့ အဖွဲ့သစ်ထဲကအဖွဲ့ဝင် Giselle ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတာပဲ ဖြစ်ပါတယ်။
Red Velvet အဖွဲ့နောက်ပိုင်း ခြောက်နှစ်အကြာမှာ ပထမဆုံးပွဲဦးထွက်ခဲ့တဲ့ မိန်းကလေးအဖွဲ့ Aespaရဲ့ အဖွဲ့ဝင်တွေအားလုံးနဲ့ ပရိသတ်တွေကိုမိတ်ဆက်ပေးပြီးဖြစ်ပါတယ်။
Giselle ဟာမိန်းကလေး idol တွေထဲမှာအချိန်အတိုဆုံးနဲ့ ပွဲဦးထွက်ခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။
သူမဟာ SM Entertainment ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာဝင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပွဲဦးထွက်ခဲ့တာကြောင့် training ကာလကတစ်နှစ် တောင်မကြာခဲ့တာပါ။
Aespa အဖွဲ့ထဲမှာ Giselle ကတော့ ရက်ပ်အပိုင်းကို တာဝန်ယူသီဆိုမှာပဲ ဖြစ်ပါတယ်။
Giselle ဟာ ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂၀ သာရှိသေးတာပါ။ သူမဟာ တူရိယာတွေထဲမှာ ဆိုရင် ဂစ်တာကို တီးခတ်နိုင်တယ်လို့ သိရပါတယ်။
















