လည်ပင်းမှာနောက်ထပ်တက်တူးမထိုးတော့ဘူးဆိုတဲ့ Justin Bieber

လည်ပင်းမှာနောက်ထပ်တက်တူးမထိုးတော့ဘူးဆိုတဲ့ Justin Bieber

Justin Bieber ကတော့ သူ့ရဲ့လည်ပင်းပေါ်မှာ နောက်ထပ်တက်တူးမထိုးတော့ဘူးလို့ ပြောခဲ့ပါတယ်။

သူဟာ ညာဘက်လည်ပင်းပေါ်မှာ နှင်းဆီပန်းပုံတက်တူးကို နောက်ဆုံးထိုးထားပြီးအဲ့ဒါကအလှတရားကို ဖော်ညွှန်းတဲ့ အဓိပ္ပာယ်နဲ့ထိုးထားတာလို့ ဆိုပါတယ်။

ဒီတက်တူးကိုတော့ နာမည်ကြီး တက်တူးပညာရှင် Dr Woo က ထိုးပေးခဲ့ တာပါ။

Justin ဟာဇနီးဖြစ်သူ Hailey  ရဲ့တောင်းဆိုချက် အရလည်ပင်းမှာ နောက်ထပ်တက်တူး ထပ်မထိုးတော့တာလို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် Justin ဟာသားသမီးတွေရလာရင် သူတို့အတွက်ရည်ရွယ်ပြီး ထိုးမယ့် ပုံတူတက်တူးတွေအတွက် ကျောကုန်းကိုလည်းနေရာလွတ်ချန်ထားတယ်လို့ သိရပါတယ်။

Justin ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ တက်တူးအခု ၆၀ ထက်မနည်းရှိတာလည်းဖြစ်ပါတယ်။ ဇနီးဖြစ်သူ Hailey ရဲ့ လက်သန်းကြွယ်မှာတော့ Justin ကိုရည်ညွှန်းတဲ့ “J” ဆိုတဲ့ စာလုံးကိုတက်တူးထိုးထားတာပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး