မဲရုံတာဝန်ကျ ဆရာ/ဆရာမများအား ဖိအားမပေးရန်နှင့် ဖိအားပေးလာပါက ဆရာ/ဆရာများဘက်မှ ကူညီပေးမည်

မဲရုံတာဝန်ကျ ဆရာ/ဆရာမများအား ဖိအားမပေးရန်နှင့် ဖိအားပေးလာပါက ဆရာ/ဆရာများဘက်မှ ကူညီပေးမည်

၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲတွင် အခြေခံပညာဦးစီးဌာနမှ ဆရာ/ ဆရာအများစုမှာ မဲရုံများတွင် တာဝန်ယူရမည်ဖြစ်၍ ၎င်းတို့အပေါ် မမှန်မကန်ဖိအားပေးခြိမ်ခြောက်မှုများ မပြုလုပ် ရန်နှင့် ဆရာ/ဆရာများဘက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမ များအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။

ယင်းသို့ ထုတ်ပြန်ရခြင်းမှာ ၂၀၁၅ ခုနှစ်က နေပြည်တော်တွင် မဲရုံတာဝန်မှူးအဖြစ် ဆောင်ရွက်ခဲ့ရသူ ဆရာမ တစ်ဦးအား ပါတီကိုယ်စားလှယ်တစ်တစ်ဦးက တရားစွဲဆိုသည်အထိ ဖြစ်ပွားခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ယူကြမည့် ဆရာဆရာများအပေါ်  ဖိအားပေးခြိမ်းခြောက်အကျပ်ကိုင်မှုများမပြုလုပ်ကြရန် နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“အောက်ခြေမှာ စစ်ပြီး ဆရာမဘက်က မှန်ကန်တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် မြို့နယ်ထိ တက်တော့ရုံးချိန်း ၂ ကြိမ် သွားခဲ့ရတယ်။ ဒီကိစ္စမှာ ဆရာမဘက်က မှန်ကန်တယ်။ ဘက်လိုက်တာမရှိဘူး။ အဖွဲ့ချုပ်က ဆရာမဘက်က ကူညီ ပေးခဲ့ တယ်။နောက်ပိုင်းမှာ တစ်ဖက်က အမှုရုပ်သိမ်းသွားတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း ဖြစ်စဉ်မျိုး တွေ ဖြစ်မလာဖို့နဲ့ ဆရာမတွေဘက်က ကူညီပေးသွားမယ်”ဟု ၎င်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲကာလတွင် မဲရုံ အသီးသီးတွင် တာဝန်ယူကြသည့် ဆရာဆရာမများအပေါ် ဖိအားပေးမှု များ ဖြစ်ပွားခဲ့သော်လည်း အောက်ခြေတွင် ပြီးစီးသွားခဲ့ကြောင်း၊၊ ဆရာ/ဆရာများအပေါ် နိုင်ငံရေးပါတီ၊ နိုင်ငံ ရေး အဖွဲအစည်းနှင့် အခြားအဖွဲ့အစည်းများက ဖိအားပေးခြင်းများမပြုလုပ်ကြရန်နှင့် ပြုလုပ်လာပါက ဆရာ ဆရာမများဘက်မှ အဖွဲ့ချုပ်က ရပ်တည်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ဒီလို ဖြစ်စဉ်တွေမှာ UEC က ဖြေရှင်းပေးရမှာပါ။ ခုရွေးကောက်ပွဲမှာလည်း ဆရာဆရာမတွေကို လူမှုကွန် ယက် ကနေလည်း မမှန်ကန်ဖိအားပေးတာမျိုးတွေမလုပ်ကြဖို့ နဲ့ မမှန်ကန်ဖိအားပေးလာရင် ကျွန်တော်တို့အဖွဲ့က ဥပဒေ ကြောင်းနဲ့ ကူညီဖြေရှင်းပေးမယ်ဆိုတာ ဆရာဆရာမတွေလည်း သိစေချင်တယ်။ မမှန်မကန်ဖိအားပေး အကျပ် ကိုင်တာမျိုး လုပ်လာရင် အဆင့်ဆင့်တိုင်ကြားမှုတွေလုပ်သွားမယ်” ဟု ဆက်လက်ပြောကြားသည်။

အခြေခံပညာဦးစီးဌာန ဆရာဆရာများကို နိုင်ငံတော်က ရွေးကောက်ပွဲ မဲရုံအသီးသီး၌ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊မဲလက်မှတ်ထုတ်ပေးသူ၊ မဲစာရင်းစစ်ဆေးသူများအဖြစ် တာဝန်ထမ်းဆောင်ကြရန် တာဝန်ပေးထားပြီး ၎င်းတို့အား UEC အနေဖြင့် လိုအပ်သည့် အကူအညီများပေးရန်နှင့် အနှောင့်အယှက်မရှိစေရန် လိုအပ်သည် ဟုဆိုသည်။