UEC စာလုံးမပါသည့် တံဆိပ်တုံးအသုံးပြုကာ ကြိုတင်ဆန္ဒမဲကောက်ခံခဲ့သူလေးဦးအား အမှုဖွင့်၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေ

UEC စာလုံးမပါသည့် တံဆိပ်တုံးအသုံးပြုကာ ကြိုတင်ဆန္ဒမဲကောက်ခံခဲ့သူလေးဦးအား အမှုဖွင့်၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေ

UEC စာလုံးမပါသည့် တံဆိပ်တုံးသုံးကာ ကြိုတင်မဲလက်မှတ်များရယူဆောင်ရွက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သူလေးဦးအား ချောင်းဦးမြို့မရဲစခန်းက နိုဝင်ဘာ ၅ ရက်က ဖမ်းဆီးကာ တရားစွဲတင်ပို့နိုင်ရေးအတွက်ဆောင်ရွက်နေကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ငါးလုံးတင်အုပ်စု ဆင်မြေကျေးရွာနေ အသက်(၇၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး အိမ်သို့ ငါးလုံးတင်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက NLD၊ USDP ပါတီကိုယ်စားလှယ်(နှစ်ဦး) အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးတို့နှင့်အတူ နိုဝင်ဘာ ၃ ရက်ကြိုတင်မဲယူအပြီးတွင် NLD မဲရုံကိုယ်စားလှယ်က တံဆိပ်တုံး၌ UEC စာလုံးမပါသည်ကို စတင်တွေ့ရကြောင်းသိရသည်။

ငါးလုံးတင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်နှစ်ဦးတို့ကို ချောင်းဦးမြို့နယ် NLD အလုပ်အမှုဆောင်ဥက္ကဌက တိုင်စာပေးပို့တိုင်တန်းရာ ချောင်းဦးမြို့မရဲစခန်း(ပ)၃၂၇/၂ဝ၂ဝ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(ခ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါလေးဦးကို ချောင်းဦးမြို့မရဲစခန်းမှုးဒုရဲမှူးအေးထွန်းက နိုဝင်ဘာ၅ ရက်တွင် ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့ပေါ်ပေါက်ချက်အရ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ/၄၆၈ သို့ ပြောင်းလဲကာလေးဦးကို နိုဝင်ဘာ ၅ ရက် ညပိုင်းတွင်ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင်ရီမန်တောင်းခံ၍ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။