မီလန် နိုဝင်ဘာ ၈ - အီတလီနိုင်ငံ၌ နိုဝင်ဘာ ၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၉၈၁၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အီတလီ၌ နိုဝင်ဘာ ၇ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၄၂၅ ဦးရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီတလီ၌ COVID-19 ဖြင့်သေဆုံးသူ ၄၁၀၆၃ ဦးနှင့် ကူးစက်သူ ၉၀၂၄၉၀ ခန့်ရှိနေပြီဖြစ်သည်။
အီတလီရှိ စီးပွားရေးလုပ်ငန်းများရှိရာ မီလန်တည်ရှိသော လွမ်ဘာဒီဒေသ၌ နိုဝင်ဘာ ၇ ရက်တွင် ကူးစက်သူသစ် ၁၁၄၈၉ ဦးရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ပြင်သစ်နိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူ ၄၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်၌ COVID-19 ကူးစက်ခံရပြီးနောက် ဆေးရုံတင်ကုသမှုခံယူနေရသူ ၂၇၆၆၀ ခန့်ရှိနေကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်သစ်၌ COVID-19 ကူးစက်သူ ၁၇၄၈၇၀၅ ဦးနှင့် သေဆုံးသူ ၄၀၁၆၉ ဦးရှိနေပြီဖြစ်သည်။

















