အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း အမဲလိုက်ရန်ကြံစည်သူသုံးဦးအား ဖမ်းဆီး

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း အမဲလိုက်ရန်ကြံစည်သူသုံးဦးအား ဖမ်းဆီး

စစ်ကိုင်းတိုင်း ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း လိုင်စင်မရှိဘဲ အမဲလိုက်ရန် ကြံစည်အားထုတ်နေသူသုံးဦးကို ကနီမြို့မရဲစခန်းက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၉ (က)/၄၄ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဇီးဖြူတောင်သုံးမျက်နှာဘုတ်တိုင်ကြောအနီး နိုဝင်ဘာ ၅ ရက် ည ၈ နာရီခွဲက ကနီမြို့နယ်တောင်ပေါက်အုပ်စု ၃၃ မိုင်တောတိုက်နှင့် သလင်းကျေးရွာတို့မှအမျိုးသားသုံးဦးသည် အရှည်လေးပေခွဲရှိ တူမီးလုပ်သေနတ်တစ်လက် သံဘောစေ့အလုံး၂ဝ၊ ကက်ယမ်းခွေတစ်ခွေတို့ဖြင့် လိုင်စင်မရှိဘဲ အမဲလိုက်ရန်ကြံစည်နေသည်ကိုတွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသူသုံးဦးကို တောအုပ်ကြီးမြင့်သိန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့်က နီမြို့မရဲစခန်းက (ပ)၂၃၇/၂ဝ၂ဝ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၉(က)/၄၄ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်