Lee Seung Gi ကိုမမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ပြန်လည်တွေ့မြင်ရတော့မှာပါ။
နောက်လထဲမှာသူ့ရဲ့အခွေအသစ်ထွက်ဖို့ရှိကြောင်းကြေညာခဲ့ပြီးဒါဟာငါးနှစ်အတွင်းမှာပထမဆုံးပြန်ထွက် လာမယ့်အခွေလည်းဖြစ်ပါတယ်။
ဒီဇင်ဘာလထဲမှာအခွေထွက်နိုင်ဖို့အတွက် အရှိန်အဟုတ်မြှင့်ပြင်ဆင်နေပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ အခွေအသစ်ထဲက “Cliché Man” ဆိုတဲ့ သီချင်းကိုအကြိုနားဆင်လို့ရအောင် ဖြန့်ချိပေးမယ်လို့သိရပါတယ်။
ဒီသီချင်းဟာတေးရေ၊ တေးဆိုတစ်ဦးဖြစ်သူ Yoon Jong Shin နဲ့ Lee Seung Giတို့ ပထမဆုံးပူးပေါင်းဖန်တီးတဲ့သီချင်းလည်းဖြစ်ပါတယ်။
SBS variety show တစ်ခုဖြစ်တဲ့ “Master in the House” မှာ Kim Kyung Ho ရဲ့ “Forbidden Love” ဆိုတဲ့သီချင်းကိုLee Seung Gi က cover song အနေနဲ့ ပြန်လည်သီဆိုရာမှာပရိသတ်ရဲ့အားပေးမှုရရှိခဲ့တာကြောင့် အခုလိုမျိုးအခွေအသစ်ထပ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
















