ပခုံးခွဲစိတ်ထားမှုကြောင့် အနားယူရမယ့် Suga

ပခုံးခွဲစိတ်ထားမှုကြောင့် အနားယူရမယ့် Suga

BTS အဖွဲ့ဝင် Suga ဟာ ပခုံးခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

သူဟာ နိုဝင်ဘာလ ၃ ရက်နေ့တုန်းက ခွဲစိတ်ကုသ မှု ခံယူခဲ့တာဖြစ်ပြီး စစ်မှုထမ်းမသွားခင်မှာခွဲစိတ်ကုသဖို့ အေဂျင်စီနဲ့တိုင်ပင်ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။

လက်ရှိ မှာတော့ ခွဲစိတ်ကုသမှုကအောင်မြင်စွာပြီးဆုံးခဲ့ပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူဖို့လိုအပ်တာ ကြောင့် BTS ရဲ့ “BE” အခွေအတွက် ပရိုမိုရှင်းတွေပြုလုပ်တာနဲ့ တခြားလှုပ်ရှားမှုတွေမှာ Suga တစ်ယောက် ပါဝင်နိုင်ဦးမှာမဟုတ်သေးကြောင်း Big Hit Entertainment အေဂျင်စီကပြောခဲ့ပါတယ်။

Suga ဟာ ပွဲဦးမထွက် ခင် ၂၀၁၂ ခုနှစ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် ပခုံးထိခိုက်ခဲ့ရပါတယ်။

ဒီဒဏ်ကြောင့် နောက်ပိုင်းမှာ လည်း ပခုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေကို မကြာခဏဆိုသလိုရင်ဆိုင်နေရတာဖြစ်ပါတယ်။

Suga ကတော့ ကျန်းမာကြံ့ခိုင်စွာနဲ့ ပရိသတ်တွေဆီပြန်လာမှာဖြစ်လို့ စိတ်ရှည်သည်းခံပြီးသူ့ကိုစောင့်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး