“Amazing Saturday” မှာ ပါဝင်ထားတဲ့ Taemin နဲ့ Kai
SHINee အဖွဲ့ဝင် Taemin နဲ့ EXO အဖွဲ့ဝင် Kai တို့က variety show တစ်ခုမှာ ပါဝင်လာမှာဖြစ်ပါတယ်။
ဒီအစီ အစဉ်ကတော့ “Amazing Saturday” ပဲ ဖြစ်ပါတယ်။ Taemin နဲ့ Kai တို့က “Amazing Saturday” အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ရိုက်ကူးရေးလုပ်ခဲ့တယ်လို့သတင်းတွေအရသိရပါတယ်။
အခုသူတို့ရိုက်ကူးထားတဲ့ အပိုင်းကိုတော့ နိုဝင်ဘာလထဲမှာပဲ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
Taemin နဲ့ Kai တို့ဟာ ရင်းနှီးတဲ့သူငယ်ချင်း တွေဖြစ်ကြပြီး SuperM ရဲ့ အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။
Taemin ကတော့ နိုဝင်ဘာလ ၉ ရက်နေ့ကပဲ တစ်ကိုယ်တော် comeback ပြုလုပ်ထားပါသေးတယ်။
“Amazing Saturday” အစီအစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ကိုရီးယားစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ မှာ ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်။
















