“Fantastic Beasts 3” ကနေ နုတ်ထွက်ခိုင်းခြင်းခံခဲ့ရတဲ့ Johnny Depp

“Fantastic Beasts 3” ကနေ နုတ်ထွက်ခိုင်းခြင်းခံခဲ့ရတဲ့ Johnny Depp

မင်းသားကြီး Johnny Depp ဟာ “Fantastic Beasts 3” မှာ ပါဝင်လာတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

သူဟာ “Fantastic Beasts 2” မှာ Gellert Grindewald အဖြစ် နေရာကနေပါဝင်သရုပ်ဆောင်ထားတာပါ။

အခုတော့ သူဆက်လက်မပါဝင်တော့ဘူးဆိုတဲ့အကြောင်းကို အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်ကိုအသိ ပေးခဲ့တာပါ။

မပါဝင်ဖြစ်တော့တဲ့အကြောင်းရင်းကို သေချာမဖော်ပြထားပေမယ့် Warner Bros ဘက်က သူ့ကို နုတ်ထွက်ခိုင်း ခဲ့တာလို့ဆိုပါတယ်။

Johnny Depp ဘက်ကလည်း သဘောတူခဲ့ပြီး အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်နိုင် ချေရှိတာကတော့ The Sun သတင်းစာနဲ့တရားရင်ဆိုင်ရာမှာ အမှုရှုံးနိမ့်ခဲ့ပြီး Johnny Depp ကို ဇနီးဖြစ်သူအား ညှင်းပန်းနှိပ်စက်သူအဖြစ် သတ်မှတ်ခဲ့တာကြောင့်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

Warner Bros ကတော့ Gellert Grindewald နေရာမှာသရုပ်ဆောင်ဖို့ နောက်ထပ်သရုပ်ဆောင်တစ်ယောက် ကို ရှာဖွေနေပြီပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး