ငါးယောက်မြောက်ရင်သွေးလေးမွေးအပြီးမှာ ကလေးထပ်ယူဖို့အစီအစဉ်မရှိတော့ဘူးဆိုတဲ့ Hilaria Baldwin 

ငါးယောက်မြောက်ရင်သွေးလေးမွေးအပြီးမှာ ကလေးထပ်ယူဖို့အစီအစဉ်မရှိတော့ဘူးဆိုတဲ့ Hilaria Baldwin 

Hilaria Baldwin က လွန်ခဲ့တဲ့နှစ်လလောက်ကပဲ သူမရဲ့ငါးယောက်မြောက်ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။

သူမနဲ့ အသက် ၆၂ နှစ်အရွယ် ခင်ပွန်း Alec Baldwin တို့ဟာ အခုရှိနေတဲ့မိသားစုအရေအတွက်ကို ကျေနပ် နိုင်ပြီဖြစ်တာကြောင့် နောက်ထပ်ကလေးမယူတော့ဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် သူမဟာ Carmen, Rafael, Leonardo, Romeo နဲ့ Edurado ဆိုတဲ့ သားသမီးငါးယောက်ကိုပိုင်ဆိုင်ထားတာ ကြောင့် သူမတို့ရဲ့မိသားစုက ပြီးပြည့်စုံနေပြီလို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုဗစ် ကာလဖြစ်နေတာကြောင့် ကလေးတွေကိုအိမ်မှာပဲ ကျောင်းစာတွေသင်ယူစေတယ်လို့လည်းသိရပါတယ်။

အရင်တုန်းက ကလေးတွေတစ်ယောက်မဟုတ်တစ်ယောက်က ကျောင်းနဲ့ သင်တန်းတွေသွားနေတာကြောင့် သူမကကလေးတွေအများကြီး မွေးထား တယ်လို့မခံစားခဲ့ရပဲ အခုမိသားစုအားလုံးအိမ်မှာစုံမှ မိသားစုဝင်တွေ များပြားပြီး ပြီးပြည့်စုံနေပြီဖြစ်ကြောင်း သိခဲ့ရတယ်လို့လည်း Hilaria Baldwin က ပြောခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး