COVID-19 ဒုတိယလှိုင်းကာလ နှာခေါင်းစည်းစျေးများ ကျဆင်း

COVID-19 ဒုတိယလှိုင်းကာလ နှာခေါင်းစည်းစျေးများ ကျဆင်း

COVID-19 ဒုတိယလှိုင်းတွင်နှာခေါင်းစည်း Mask ဈေးနှုန်းများကျဆင်းလာနေပြီး အရောင်းအဝယ်လည်း ပုံမှန်သာရှိနေကြောင်း ပြည်တွင်းနှားခေါင်းစည်း ထုတ်လုပ်ရောင်းဝယ်သည့် လုပ်ငန်းရှင်များက ပြောသည်။Mask အရောင်းအဝယ်သည် COVID-19 ဒုတိယလှိုင်း၏ ကနဦးကာလက ဝယ်လိုအား မြင့်တက်ခဲ့မှုနှင့်အတူ ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။

''ဈေးနှုန်းကလည်း အတက်အကျက အရင်လို မကြမ်းတမ်းတော့ပါဘူး။လေးငါးဆယ် အတက်အကျပဲမို့လူးသာလွန်သာ ရှိပါတယ်။ ရန်ကုန်ရဲ့ Mask ဝယ်လိုအား အခြေအနေကတော့ကောင်းပါတယ်''ဟု ရန်ကုန်အခြေစိုက် Mask ဖြန့်ချိရောင်းချသည့်လုပ်ငန်းရှင် ဦးအေးကျော်က ဆိုသည်။ယခင်က Mask တစ်ဘူးလျှင်ကျပ် ၁,ဝဝဝ အထက်တွင် ရှိနေရာမှလက်ရှိကာလတွင် ယင်းဈေးအောက်ကျဆင်းနေကြောင်း၊ ဝယ်ရင်းဈေးတစ်ဘူးကျပ် ၈ဝဝ ဝန်းကျင် ရှိသည့်တိုင် ယင်းအောက်ဈေးအထိ ချရောင်းနေခြင်းများ ရှိနေသည်ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

Mask ကိုတရုတ်နိုင်ငံမှ တင်သွင်းရခြင်းဖြစ်ပြီး ဒုတိယလှိုင်းကာလအတွင်း တရုတ်မှတင်သွင်းခွင့် ကားစီးရေ အနည်းငယ်သာ ခွင့်ပြုနေပြီးပြည်တွင်းကုန်စည် တင်ပို့ရာတွင်လည်းအခက်အခဲကြောင့် ကြန့်ကြာမှုများရှိသည်ဟု ဦးအေးကျော်က ဆိုသည်။

ရွေးကောက်ပွဲအလွန်တွင် အစိုးရထုတ်ပြန်မည့် အခြေအနေ၊ လူအများစု၏ ဝယ်ယူအား အခြေအနေတို့ကိုခန့်မှန်းရခက်ပြီး COVID-19 ပထမလှိုင်း ပြီးဆုံးစဉ်က လူအများစုမှာ Mask ဝယ်ယူခြင်း မရှိတော့သဖြင့်အရောင်းအဝယ် ကျဆင်းခဲ့ဖူးသည့်ဖြစ်စဉ် ရှိခဲ့သည်ဟု လုပ်ငန်းရှင်တို့ကသုံးသပ်ထားသည်။ရွေးကောက်ပွဲ ရှိနေသဖြင့် လူအများအပြား မဲပေးရန် Mask ဝတ်ဆင်ကြသော်လည်း ဈေးကွက်အပေါ်အကျိုးသက်ရောက်မှုမရှိဟု ဆိုထားကြသည်။

''ရွေးကောက်ပွဲ ပြီးသွားတော့ဘယ်လိုလာမလဲ မသိသေးဖူး။ အဝယ်တောင်နည်းနည်းပါးတယ်''ဟု မူဆယ်အခြေစိုက် Mask တင်သွင်းသူ ဦးရဲအောင်ကျော်က ဆိုသည်။ဒုတိယလှိုင်း ကာလအတွင်းပြည်တွင်းတွင် ြျေု အရောင်းအဝယ်ပြုလုပ်သူများပြီး အများအပြား ရောင်းချမှုတို့ကြောင့် ဈေးနှုန်းကျဆင်းနေခဲ့ကာ၊အချို့မှာ တရုတ်နိုင်ငံတွင် ဝယ်ယူမရနိုင်သည့် Mask တစ်ဘူးလျှင်ကျပ် ၈ဝဝ အောက် ဈေးနှုန်းဖြင့် ရောင်းချနေမူပင် ရှိခဲ့ကြောင်း၊ လက်ရှိတွင်မှုဈေးနှုန်းအမှန်ပေါ် ပြန်လည် ရောက်ရှိလာနေသည်ဟု ဦးရဲအောင်ကျော်ကဆိုသည်။

တရုတ်နိုင်ငံတွင်း Mask တစ်ဘူးဝယ်ဈေးမှာကျပ် ၈ဝဝ ခန့်ရှိပြီးကားခများနှင့်တွက်ချက်ပါက တစ်ဘူးလျှင်ကျပ် ၈ဝဝအထက် ရှိရမည်ဖြစ်သော်လည်း တချို့မှာ ငွေပေါ်လိုသဖြင့်တစ်ဘူးလျှင် ကျပ် ၈ဝဝ အောက်ရောင်းချခဲ့မှုမျိုးကြောင့် ဈေးကွက်ပျက်သွားခြင်း ဖြစ်ကြောင်း ၊ လက်ရှိကာလတွင် ပုံမှန်ရောင်းဝယ်သူများသာ ရှိတော့သည့်အတွက် ကျပ် ၈ဝဝအထက်ဈေးကို ပြန်ရောက်လာခြင်းဖြစ်သည်ဟုလုပ်ငန်းရှင်တို့က သုံးသပ်သည်။

ရန်ကုန်နှင့် အောက်မြန်မာပြည်တွင်တစ်ရက်လျှင် Mask ဘူး ၂၅ဘူးပါဝင်သည့် ဖာပေါင်း ၂ဝဝဝ ခန့်အနည်းဆုံး ရောင်းအားရှိနိုင်ကြောင်းြျေု အရောင်းအဝယ် လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။အစိုးရက COVID-19 ကာကွယ်ထိန်းချုပ်ရန် တင်းကျပ်စွာ ကိုင်တွယ်လျှင် Mask အရောင်းအဝယ်ကျဆင်းသွားနိုင်ပြီး လုပ်ငန်းများ၊ အလုပ်ရုံများ ပြန်ဖွင့်လှစ်လျှင် အရောင်းအဝယ်ပိုအားကောင်းလာနိုင်ဖွယ် ရှိသည်ဟုလုပ်ငန်းရှင်တို့က ခန့်မှန်းထားကြသည်။

''စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်လာတဲ့အတွက် ဝယ်လိုအား တအားများတယ်။ ဈေးတွေကလည်း နည်းနည်းပြန်တက်လာတယ်''ဟု ရန်ကုန်တွင်ြျေု ဖြန့်ချိနေသည့် ဦးသန်းထိုက်အောင်က ဆိုသည်။COVID-19 ဒုတိယလှိုင်းကာလအတွင်း Mask အပြင် PPE ဝတ်စုံကဲ့သို့ ဆေးရုံသုံးပစ္စည်းများ၊ လက်သန့်ဆေးရည်ဘူးများ ပိုအရောင်းသွက်လာနေသည်ဟုလည်း လုပ်ငန်းရှင်တို့က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး