ဝါရင့်သရုပ်ဆောင်ကြီး Song Jae Ho ကွယ်လွန်
ဝါရင့်သရုပ်ဆောင်ကြီး Song Jae Ho ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ် ရှိပါပြီ။ Song Jae Ho ဟာ တစ်နှစ်ကျော်လောက်ကြာအောင် နေမကောင်း ဖြစ်ခဲ့ပြီး ကွယ်လွန်ခဲ့တာလို့ ကိုရီးယားနိုင်ငံအနုပညာရှင်များအဖွဲ့အစည်းရဲ့ ပြောကြားချက်အရသိရပါတယ်။
သူဟာ ၁၉၅၉ နှစ်မှာ အသံသရုပ်ဆောင်တစ်ယောက်အဖြစ်စတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှာတော့ သရုပ်ဆောင်လိုင်း ကို ကူးပြောင်းခဲ့ပါတယ်။
Song Jae Ho ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်တွေကတော့ “Memories of Murder”, “The President’s Last Band” နဲ့ “Tidal Wave” တို့ပဲဖြစ်ပါတယ်။
ဇာတ်လမ်းတွဲအနေနဲ့ကတော့ “Neighborhood Hero”, “I Miss You”, “The Chaser”, “Miss Ripley”, “Sign” နဲ့ “My Love, My Family” တို့ပဲ ဖြစ်ပါတယ်။
















