အချစ်ဇာတ်ကားသစ်အတွက် ကမ်းလှမ်းခံထားရတဲ့ Oh Yeon Seo နဲ့ Jung Woo
အချစ်ဇာတ်လမ်းတွဲအသစ်တစ်ခုမှာ Oh Yeon Seo နဲ့ Jung Woo တို့ ပါဝင်လာဖို့ရှိနေပါတယ်။
Kakao ရဲ့ “Crazy Person in the Area” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်နေရာကနေပါဝင်ဖို့ ကမ်းလှမ်းခံထားရပြီး သူတို့ဘက်က ဆုံးဖြတ်ချက်တော့မချရသေးဘူးလို့ဆိုပါတယ်။
နာကျင်စရာအတိတ်ဇာတ်လမ်းကိုယ်စီရှိကြသူ နှစ်ယောက် ဆုံတွေ့ပြီးချစ်ကြိုက်မိသွားတဲ့ဇာတ်လမ်းပုံစံမျိုးဖြစ်ပါတယ်။
ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာ Lee Tae Gon က ရိုက်ကူးပေးမယ်လို့သိရပါတယ်။
Jung Woo က ဂန်းနမ်းရဲဌာနရဲ့စုံထောက် No Hwi Oh နေရာ က ပါဝင်ရမှာဖြစ်ပြီး Oh Yeon Seo ကတော့ Lee Min Kyung နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကို နောက်နှစ်ပထမနှစ်ဝက်လောက်မှာ ထုတ်လွှင့်ပြသနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
















