“Tale of the Nine-Tailed” နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သရုပ်ဆောင်များဖွင့်ဟ

“Tale of the Nine-Tailed” နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သရုပ်ဆောင်များဖွင့်ဟ

“Tale of the Nine-Tailed” မှာ ပါဝင်တဲ့အဓိကသရုပ်ဆောင်တွေနဲ့ အင်တာဗျူးအစီအစဉ်တစ်ခုပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်မှာ သရုပ်ဆောင်တွေရဲ့ တစ်ယောက်အပေါ်တစ်ယောက်အမြင်တွေနဲ့ ဇာတ်ကားနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပြန်လည်ဝေမျှခဲ့ကြပါတယ်။

ဒီဇာတ်ကားမှာတော့ အားလုံးသိထားကြတဲ့ အတိုင်း Lee Dong Wook က အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ အမြီးကိုးချောင်းမြေခွေးအဖြစ် သရုပ်ဆောင် ထားပြီး Kim Bum ကတော့ Lee Dong Wook ရဲ့ အဖေတူအမေကွဲညီအစ်ကို အနှစ်ခြောက်ရာကျော် သက်တမ်းရှိတဲ့မြေခွေးနဲ့ မင်းသမီး Jo Bo Ah က ပရိုဂျူဆာ Nam Ji Ah အဖြစ် သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းတွဲရဲ့အစပိုင်းတွေကို မနှစ်ကတည်းကရိုက်ကူးထားခဲ့တာကြောင့် ကျန်ရှိနေတဲ့အပိုင်းတွေကို ရိုက်ကူး ရာမှာ တစ်ယောက်နဲ့တစ်ယောက်အချိတ်အဆက်မိအောင် ကူညီပေးခဲ့ကြရတယ်လို့ Kim Bum က ပြောခဲ့ပါ တယ်။

သူ့အနေနဲ့လည်း သူ့ရဲ့ဇာတ်ကောင်နဲ့ပတ်သက်တဲ့အချက်အလကတွေများစွာကို ကြိုတင်စုဆောင်း လေ့လာခဲ့ပြီး သေချာပြင်ဆင်ခဲ့ကြောင်းနဲ့ Lee Dong Wook ကလည်း ရိုက်ကွင်းပေါ်မှာများစွာကူညီပေးခဲ့တာ ကြောင့် ပြီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ပရိသတ်အချစ်တော် မင်းသား Lee Dong Wook ကတော့ သူတို့အားလုံး အကောင်းဆုံးကြိုးစားထားတာကြောင့် ကြည့်ရှုတဲ့ပရိသတ်တွေစိတ်မပျက်စေရပါဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီး Jo Bo Ah ဟာ အပြင်မှာပိုပြီး ရိုးသားကြိုးစားသူတစ်ယောက်ဖြစ်တယ်လို့ လည်း Lee Dong Wook က ချီးကျူးပြောဆိုခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့အပိုင်းတွေမှာလည်း ဂူမီဟိုနှစ်ကောင် ရဲ့ အချိတ်အဆက်မိမိသရုပ်ဆောင်မှုတွေကို ဆက်လက်ကြည့်ရှုခံစားပေးဖို့ မင်းသမီး Jo Bo Ah က တောင်းဆို ခဲ့ပြီး Kim Bum ကတော့ အခုလိုမျိုးအားလုံးခက်ခဲနေတဲ့အချိန်မှာ သူတို့ရဲ့ဒရာမာကိုကြည့်ပြီး စိတ်သက်သာရာ ရစေဖို့မျှော်လင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး