အမေရိကန်ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရလို့ အောင်ပွဲခံနေတဲ့ Jennifer Lawrence

အမေရိကန်ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရလို့ အောင်ပွဲခံနေတဲ့ Jennifer Lawrence

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Donald Trump ကို Joe Biden အနိုင်ရရှိကြောင်း ကြေညာပြီးနောက်မှာတော့ Jennifer Lawrence တစ်ယောက် သူမရဲ့အပျော်တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

၄၆ ကြိမ်မြောက် သမ္မတရွေးချယ်ပွဲရဲ့ရလဒ်ကိုကြေညာပြီးနောက်မှာပဲ အသက် ၃၀ အရွယ် ရွှေကမ္ဘာလုံးဆု သုံးကြိမ်ရရှိထားတဲ့မင်းသမီး Jennifer က သူမရဲ့အင်စတာဂရမ်မှာ ဗွီဒီယိုတစ်ခုကိုတင်ခဲ့တာပါ။

ဗွီဒီယို ထဲမှာတော့ Jennifer က အိမ်နေရင်းဝတ်စုံ ဝတ်ပြီး ဘော်စတွန်မြို့ရဲ့လမ်းပေါ်မှာ သီချင်းဖွင့်ရင်းနဲ့ လက်တွေ လေမှာမြှောက်ပြီး အောင်ပွဲခံနေတာပဲဖြစ်ပါတယ်။

သူမဟာအရင်တုန်းက ရီဘက်ပလစ်ကန်ကိုထောက်ခံသူ တစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲမှာ John McCain ကို မဲပေးခဲ့တာပါ။

နှစ်တွေကြာလာပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူမရဲ့အမြင်တွေပြောင်းလဲလာခဲ့တယ်လို့ ဆိုပါ တယ်။

အကယ်၍ Donald Trump သာ အမေရိကန်နိုင်ငံရဲ့သမ္မတထပ်ဖြစ်လာခဲ့ရင် ဒါဟာကမ္ဘာကြီးရဲ့ အဆုံးသတ်ပါပဲလို့ Jennifer က ပြောခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး