tvN ရဲ့ ဇာတ်လမ်းတွဲအသစ် “Navillera” မှာ ပါဝင်ဖို့အတွက် Park In Hwa, Song Kang, Na Moon Hee နဲ့ Hong Seung Hee တို့က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
အလွန်အောင်မြင်ခဲ့တဲ့ ဝက်ဘ်တွန်းတစ်ခုပေါ်မှာ အခြေခံရိုက်ကူးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။
Lee Eun Mi က ဇာတ်ညွှန်းရေး သားပေးမှာဖြစ်ပြီး ဒါရိုက်တာ Han Dong Hwa က တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပါတယ်။
Song Kang ကတော့ ဘဲလေးအကကိုနောက်ကျမှာသင်ယူပေးမယ့် ပါရမီကြောင့်အလွန်ထူးချွန်သွားတဲ့ Chae Rok အဖြစ် သရုပ် ဆောင်ရမှာပါ။
Park In Hwa ကတော့ စာပို့သမား Duk Chool အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Na Moon Hee က Duk Chool ရဲ့ ဇနီး Hae Nam အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။
Hong Seung Hee က Duk Chool ရဲ့ မြေးလေး Eun Ho အဖြစ် ပါဝင်ရမှာပါ။
သူမက ဖခင်စိတ်တိုင်းကျဘဝကိုနေထိုင်ရတာဖြစ်ပြီး Song Kang နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ ဘဝရဲ့ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိသွားတာဖြစ်ပါတယ်။
ဇာတ်လမ်းစတင်ရိုက်ကူးမယ့် ရက်ကိုတော့ အတည်ပြုပြောကြားထားခြင်းမရှိတော့ပါဘူး။
















