ပရိသတ်တွေနဲ့အမြန်ဆုံးပြန်တွေ့ချင်နေပြီဆိုတဲ့ Yang Yoseob

ပရိသတ်တွေနဲ့အမြန်ဆုံးပြန်တွေ့ချင်နေပြီဆိုတဲ့ Yang Yoseob

Highlight အဖွဲ့ဝင် Yang Yoseob က The Star မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး အင်တာဗျူးလည်း ဖြေကြားပေးခဲ့ပါတယ်။

“Begin Again” ဆိုတဲ့ theme အောက်မှာ ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီး ပန်းတွေကို အဓိကအသုံးပြုပြီးရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။

Yang Yoseob ကတော့ ပြီးခဲ့တဲ့သြဂုတ်လကမှ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

တစ်ယောက်တည်းအနုပညာလှုပ်ရှားမှုတွေလုပ်ရတာ အထီးကျန်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေကို သတိရတယ်လို့လည်းပြောခဲ့ပါတယ်။

တစ်ကိုယ်တော်အခွေအတွက်လည်း ပြီးခဲ့တဲ့နှစ် ကတည်းက စတင်ပြင်ဆင်နေတာဖြစ်ပြီး အကောင်းဆုံးတေးဂီတတွေကိုဖန်တီးချင်တာကြောင့် အလျင်မလိုပဲ အချိန်ယူပြီးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ပရိသတ်တွေကိုလည်း သီချင်းအသစ်တွေကိုအတတ်နိုင်ဆုံး မြန်မြန်နားထောင်စေချင်ပြီး စိတ်ရှည်စွာနဲ့စောင့်ဆိုင်းပေးကြဖို့မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ idol နဲ့ အဖွဲ့ သစ်တွေအများအပြားပေါ်လာတာကြောင့် အနာဂတ်မှာနေရာတစ်ခုတည်မြဲဖို့အတွက် စိုးရိမ်ပူပန်မှုတွေရှိပေ မယ့် ဒါဟာသဘာဝမို့အကောင်းဆုံးကြိုးစားဖို့ပဲရှိတယ်လို့ပြောခဲ့ပါတယ်။

ကမ္ဘာကြီးမှာဖြစ်နေတဲ့ ကပ်ရောဂါကြီး ပြီးဆုံးသွားရင် သူ့ရဲ့ပရိသတ်တွေနဲ့လည်းတွေ့ဆုံချင်ကြောင်းပြောခဲ့ပါသေးတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး