“School 2021” မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်မယ့် Kim Yo Han

“School 2021” မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်မယ့် Kim Yo Han

WEI အဖွဲ့ဝင် Kim Yo Han က KBS 2TV ရဲ့ ဒရာမာအသစ်ဖြစ်တဲ့ “School 2021” မှာ ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။

ဒီဇာတ်ကားကိုတော့ နောက်နှစ်ထဲမှာရိုက်ကူးထုတ်လွှင့်ဖြစ်မယ် လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း “School 2020” မှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့ အတည် ပြုခဲ့ပြီး ၂၀၂၀ ခုနှစ် နှစ်ဝက်လောက်မယ်ထုတ်လွှင့်မယ်လို့ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုး ကြောင့် မထုတ်လွှင့်ဖြစ်ခဲ့ပါဘူး။

“School 2021” ဟာ “School 2020” နဲ့မတူပဲ ဇာတ်လမ်းအသစ်နဲ့လာမှာ ဖြစ်ပြီး မတူညီတဲ့ဇာတ်ကောင်တွေကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။

“School 2021” မှာ ပါဝင်မယ့် Kim Yo Han ရဲ့ ဇာတ်ကောင်ကိုတော့ အခုထိထုတ်ပြန်ကြေညာခြင်းမရှိသေးဘူးလို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး