“The Witcher Season 2” ရိုက်ကူးရေးအဖွဲ့သားတချို့ COVID-19 ရောဂါပိုး ကူးစက်ခံရ
Netflix ရဲ့ အောင်မြင်ကျော်ကြားတဲ့စီးရီးတစ်ခုဖြစ်တဲ့ “The Witcher Season 2” ကို ရိုက်ကူးနေတုန်းမှာပဲ ရိုက်ကူးရေးအဖွဲ့သားတချို့ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။
အခုလိုမျိုးကူးစက်ခံခဲ့ရ တာကြောင့် Season 2 ရိုက်ကူးရေးကိုလည်း ရပ်နားထားခဲ့ရပါတယ်။
ရောဂါပိုးတွေ့သူနဲ့ထိစပ်မိခဲ့သူတွေကို လည်း ဆေးစစ်ထားပြီး အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Henry Cavill, Anya Chalotra နဲ့ Freya Allan တို့ကတော့ ရောဂါပိုးကူးစက်ခံရခြင်းမရှိသေးဘူးလို့သိရပါတယ်။
သက်ဆိုင်ရာကထုတ်ပြန်ထားတဲ့ စည်းကမ်း ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီးရင်တော့ “The Witcher Season 2” ရိုက်ကူးရေးကို ပြန်လည်စတင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
















