သမီးလေးရဲ့ပုံကိုအင်စတာဂရမ်မှာမျှဝေခဲ့တဲ့ Gigi Hadid

သမီးလေးရဲ့ပုံကိုအင်စတာဂရမ်မှာမျှဝေခဲ့တဲ့ Gigi Hadid

Zayn Malik ရဲ့ ဇနီးဖြစ်သူ စူပါမော်ဒယ်လ် Gigi Hadid ကတော့ သမီးလေးရဲ့ပုံရိပ်တွေကို သူမရဲ့အင်စတာ ဂရမ်မှာ မျှဝေလိုက်ပါတယ်။

ဒါပေမယ့်သမီးဖြစ်သူရဲ့ privacy ကို လုံခြုံစွာထားမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ မျက်နှာကိုမမြင်ရတဲ့ဓာတ်ပုံတွေကိုသာ တင်လေ့ရှိပါတယ်။

သမီးလေးမွေးခါစကနေအခုထိ မျက်နှာပုံတစ်ခါမှ မတင်ခဲ့ပဲ ကလေးရဲ့လက်တွေ၊ ခန္ဓာကိုယ်ပုံတွေကိုသာတင်ခဲ့တာပါ။

အခုလည်း နှစ်လသားအရွယ်ကလေးလေး ကို Gigi Hadid ပွေ့ချီထားတဲ့ပုံကို အင်စတာဂရမ်စတိုရီမှာတင်ခဲ့တာပါ။

Gigi Hadid နဲ့ Zayn တို့ဟာ အဆင် မပြေမှုတွေများစွာကိုဖြတ်ကျော်ခဲ့ပြီးမှ နောက်ဆုံးမှာရွှေလက်တွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးရင်သွေးလေးရပြီးနောက်ပိုင်းမှာ သာယာပျော်ရွှင်တဲ့မိသားစုလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာကြောင့် နှစ်ယောက်လုံးရဲ့ပရိသတ်တွေကလည်း သူတို့အတွက်ဝမ်းသာကြည်နူးနေကြ ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး