ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်၌ အသေးစားကူးသန်းသွားလာမှုပိတ်ပင်ချက် ချမှတ်

ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်၌ အသေးစားကူးသန်းသွားလာမှုပိတ်ပင်ချက် ချမှတ်

ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘတ်၌ COVID-19 ကူးစက်သူသစ်ဦးရေ တိုးပွားလာပြီး ကူးစက်မှုနှုန်းမြင့်မားနေသည့် နေရာတချို့တွင် ဆက်လက်ကူးစက်မှုလျှော့ချရေးအတွက် အသေးစားကူးသန်းသွားလာမှုကန့်သတ်ချက်တချို့ကို နေရာဒေသအလိုက် ချမှတ်လိုက်ပြီဖြစ်သည်။

ကူးစက်မှုနှုန်းလျော့ကျလာသည်အထိ ကန့်သတ်ချက်များကို ချမှတ်ထားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ ကရာချိ၊ အရှေ့ပိုင်းရှိ လာဟိုးနှင့် စစ်တပ်စခန်းချထားသည့် ရာဝယ်ပင်ဒီမြို့များအပါအဝင် အဓိကမြိုကြီးတချို့၌ အသေးစားကူးသန်းသွားလာမှုပိတ်ပင်ချက်တချို့ကို ချမှတ်ထားပြီးဖြစ်သည်။

သို့သော် အစိုးရသည် အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်သူများ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမနေသူများအပေါ် ဒဏ်ငွေချမှတ်နေသော်လည်း ကျန်းမာရေးစည်းမျဉ်းလိုက်နာမှုအားနည်းနေသေးသည်။

ပါကစ္စတန်၌ နိုဝင်ဘာ ၁၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၆၃၇ ဦးနှင့် သေဆုံးသူသစ် ၂၃ ဦးရှိခဲ့သည်။ ပါကစ္စတန်၌ ဖေဖော်ဝါရီမှစ၍ COVID-19 ကူးစက်သူ ၃၄၆၄၇၆ ဦးနှင့် သေဆုံးသူ ၇၀၀၀ ခန့်ရှိနေသည်။