BGF တပ်ဖွဲ့အယောင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့်အဖွဲ့အား ရုံးထုတ်စစ်ဆေး

BGF တပ်ဖွဲ့အယောင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့်အဖွဲ့အား ရုံးထုတ်စစ်ဆေး

မြဝတီမြိုကတွင် BGF တပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ လူအချို့အား ဖမ်းဆီးခေါ်ဆောင်၍ ငွေခြိမ်းခြောက်တောင်းခံခဲ့သူအား နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

BGF တပ်ဖွဲ့ဝင်ဖြစ်သည်ဟုအယောင်ဆောင်ခဲ့သူမှာ ကျော်ကျော်(မြေသြဇာ)နှင့် အဖွဲ့ဝင်များဖြစ်ပြီး လူတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာငွေကျပ်သိန်း(၇ဝ)အား ခြိမ်းခြောက်တောင်းယူမှုဖြင့် အောက်တိုဘာ ၃ဝရက်တွင် အမှုဖွင့်တိုင်တန်းခံရခြင်းဖြစ်သည်။ ၎င်းအား မြဝတီရဲစခန်းမှ(ပ)၅၄၁/၂ဝ၂ဝရာဇသတ်ကြီး ပုဒ်မ၃၈၆/ ၃၄၂/ ၁၄ဝ/၁၁၄တို့ဖြင့် အရေးယူခဲ့ပြီး အဖွဲ့ဝင် လူငယ်လေးဦးအားနိုဝင်ဘာ ၄ ရက်တွင် ထပ်မံအမှုဖွင့်လှစ်ခဲ့ပြီး မြဝတီရဲစခန်းမှ (ပ)၅၃၆/ ၂ဝ၂ဝရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၄၂/၁၄ဝ/၅ဝ၆ တို့ဖြင့် ထပ်မံအရေးယူခဲ့သည်။

အဆိုပါအမှုမှ ကျော်ကျော် (မြေသြဇာ)နှင့်အဖွဲ့အား နိုဝင်ဘာ ၁၂ ရက်မွန်းလွဲ ၁ နာရီတွင် မြဝတီမြို့နယ်တရားရုံး၌ရုံးထုတ်ခဲ့ရာ အမှုမှာ ရဲမှစစ်ဆေးဆဲဖြစ်သဖြင့် နိုဝင်ဘာ ၂၆ ရက်ထိချုပ်ရီမန်ပေးလိုက်ကြောင်း မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးဝေဇင်မန်းက ပြောသည်။