ပဲခူးမြို့တွင် တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိ

ပဲခူးမြို့တွင် တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိ

ပဲခူးမြို့နယ်တွင် နိုဝင်ဘာ ၁၃ရက်တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၈ ဦးအထိရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏အဆိုပါနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

''ဒီနေ့ပိုးတွေ့လူနာ ၁၈ ဦးရှိပြီးပထမထိတွေ့တဲ့လူက ၁ဝဝ ကျော်လောက် Quarantine Center တွေကို ခေါ်ဆောင်နေရတယ်။ ဝန်ကြီးဌာနလမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်''ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၃ ရက်က ပဲခူးမြို့နယ်အတွင်း ပိုးတွေ့လူနာများမှာ ပဲခူးဆေးရုံကြီးတွင် တက်ရောက်နေသည့် သံသယ လူနာများဖြစ်သည့် ဇိုင်းတောင်၊မင်္ဂလာလမ်းနေ(မ)တစ်ဦး ၊ ဆိုရှယ်လစ် ၁၄ လမ်းနေ(ကျား)တစ်ဦး ကျွန်းသာယာ၊ နယ်မြေ၈နေ (မ)တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးမြို့တော်ခန်းမရှိ ဖျားနာကုဆေးခန်းကတွေ့ရှိသူများမှာ ဓမ္မဂုဏ်ရည်ကျောင်းလမ်း၊ ဇိုင်းမြောက်နေ(မ)တစ်ဦး၊ မှော်ကန်၁၅လမ်းနေ (မ)တစ်ဦး၊ အရှေ့မင်းလမ်းကလျာဏီနေ(ကျား)တစ်ဦး၊ဇိုင်းတောင်မြလမ်းနေ (မ)တစ်ဦး၊ကျွန်းသာယာနယ်မြေ ၇ နေ(ကျား)တစ်ဦး၊ ကျောက်တန်းနေ(ကျား)တစ်ဦးတို့ဖြစ်သည်။

အသွားလာ ကန့်သတ်ထားသူ(ရောဂါရှိသူနှင့်ထိတွေ့သူ)များမှာခေမာလမ်း၊ ကျွန်းသာယာနေ(ကျား)တစ်ဦး၊ အလင်းရောင် (၁) ရပ်ကွက်နေ(ကျား)နှစ်ဦး၊ ဆိုရှယ်လစ် ၁ဝ လမ်းနေ(မ)သုံးဦး၊ (ကျား)တစ်ဦးတို့ဖြစ်ကြောင်း၊ကြေးသွန်းဘုရား၌ ယာဉ်မောင်း ယာဉ်နောက်လိုက်စစ်ရာမှ မှော်ကန် ၁၅ လမ်းနေ ယာဉ်နောက်လိုက်တစ်ဦး၊ ကျွန်းသာယာနေ ယာဉ်မောင်းတစ်ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ တစ်တိုင်းလုံးတွင် COVID-19 အတည်ပြုလူနာ ၆၆၆ ဦးရှိကာ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ပဲခူးခရိုင်အတွင်း Facility Quarantine ၂၆၄ ခု၌ နိုင်ငံသား ၂၄၉၅ ဦး၊ သံသယလူနာ ၅၂ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၄၃၆ ဦး၊ တောင်ငူခရိုင်အတွင်းFacility Quarantine ၉၇ ခု၌ နိုင်ငံသား ၆၅၂ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၄၃ ဦး၊ ပြည်ခရိုင်အတွင်း Facility Quarantine ၁၁၁ ခု၌နိုင်ငံသား ၆၉၂ ဦးနှင့် ရောဂါပိုး တွေ့ ရှိသူ (၁ဝ၅)ဦး၊ သာယာဝတီခရိုင်အတွင်း Facility Quarantine၂၇ဝ ခု၌နိုင်ငံသား ၁၃၇၅ ဦး၊ သံသယလူနာနှစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၈၂ ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine ၇၄၂ခု၌ နိုင်ငံသား ၅၂၁၄ ဦးရှိပြီး သံသယလူနာ ၅၄ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၆၆၆ ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။