ဆိုးလ် နိုဝင်ဘာ ၁၄ - တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၄ ရက်၌ တစ်ရက်အတွင်း ကူးစက်သူသစ် ၂၀၅ ဦးရှိခဲ့ကြောင်း သိရပြီး စက်တင်ဘာလနောက်ပိုင်း ၂၀၀ ကျော်အရေအတွက်ဖြင့် ပထမဆုံးကူးစက်မှုဖြစ်ခဲ့ကြောင်း ကိုရီးယား ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကူးစက်သူသစ်များထဲမှ ၁၆၆ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၃၉ ဦး မှာ ပြည်ပမှ ပြန်လာသူများဖြစ်သည်။ ပြည်တွင်းကူးစက်သူစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းမှာ ဆိုးလ်မြို့တော်နှင့် ဂျောင်ဂျီပြည်နယ်တို့မှဖြစ်ကြောင်း သိရသည်။
ကူးစက်သူသစ် ၁၉၁ ဦးရှိခဲ့သော နိုဝင်ဘာ ၁၃ ရက်နေ့တွင် တောင်ကို ရီးယားသည် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ နှာခေါင်းစည်း (Mask) မတပ်သူများကို ဒဏ်ငွေပေးဆောင်စေသည့် ပြစ်ဒဏ်ဖြင့် စတင်အ ရေးယူခဲ့ကြောင်း သိရသည်။
အများပြည်သူနှင့် သက်ဆိုင်သောနေရာများဖြစ်သည့် ဈေးဝယ်စင်တာ၊ ပန်းခြံ၊ ဆံသဆိုင် အစရှိသောနေရများ၌ နှာခေါင်းစည်း မတပ်ဆင်ပါ က ကိုရီးယားဝမ် ၁၀၀၀၀၀ (၈၉ ဒေါ်လာ) ပေးဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်သူ သို့မဟုတ် ဆိုင်ပိုင်ရှင်က ယင်းပမာဏထက် သုံးဆပိုကာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

















