စစ်မှုထမ်းသွားရတော့မယ့် Crush
Crush ကတော့ နောက်ထပ်စစ်မှုထမ်းရမယ့်အနုပညာရှင်စာရင်းထဲမှာ ပါဝင်လာပါပြီ။
မကြာခင်မှာ Crush တစ်ယောက် စစ်မှုထမ်းရတော့မယ့်အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့အေဂျင်စီ P NATION က ကြေညာခဲ့ တာပါ။
သူဟာ လူသစ်စုဆောင်းရေးလေ့ကျင့်စင်တာကို အရင်သွားရမှာဖြစ်ပြီး လူထုကိုလက်တွေ့ဝန်ဆောင်မှု မပေးခင် အချိန်အတိုင်းအတာတစ်ခုအထိ training ဆင်းရမှာဖြစ်ပါတယ်။
Crush ကတော့ အင်စတာဂရမ်မှာ စစ်မှုထမ်းမသွားခင်ရိုက်ထားတဲ့ ပုံရိပ်တချို့ကိုမျှဝေခဲ့ပါတယ်။
အဲဒီ့ပို့စ်အောက်မှာ Crush ရဲ့ ပရိသတ်တွေ အပြင် အနုပညာရှင်အများအပြားက အစစအရာရာအဆင်ပြေစေဖို့ ဆုတောင်းစကားတွေရေးသားခဲ့ကြပါတယ်။
















