ဝက်ဘ်ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Zuho နဲ့ Dae Hyun

ဝက်ဘ်ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Zuho နဲ့ Dae Hyun

SF9 အဖွဲ့ဝင် Zuho နဲ့ B.A.P အဖွဲ့ဝင် Dae Hyun တို့ကတော့ ဝက်ဘ်ဒရာမာအသစ်တစ်ခုမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

“Meal Kid” လို့ ယာယီနာမည်ပေးထားတဲ့ဒရာမာမှာ Zuho ပါဝင်ထားတဲ့အကြောင်းကို FNC Entertainment က ကြေညာပေးခဲ့ပါတယ်။

Zuho က Cupid Boys idol အဖွဲ့ရဲ့ခေါင်းဆောင် Jae Kyung အဖြစ် ပါဝင်ရမှာဖြစ်ပြီး Dae Hyun ကတော့ idol ဟောင်း Ban Seok နေရာကနေသရုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။

Cupid Boys အဖွဲ့ ပြိုကွဲသွားပြီးနောက်ပိုင်းမှာ Jae Kyung တစ်ယောက် ဂီတလောကထဲကိုပြန်ဝင်ဖို့ ကြိုးစားတဲ့ပုံရိပ်တွေကိုလည်း တွေ့မြင်ရမှာပါ။

“Meal Kid” ကိုတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ကစပြီး အပတ်စဉ် ကြားရက်တွေတိုင်းမှာ Naver TV ကနေ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး